Home » News » သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုဦးဤနည်းပညာတက္ကသိုလ်သို့လာရောက်ကြည့်ရှု့စစ်ဆေးသည့် ခရီးစဉ် (၁၅.၉.၂၀၁၅)

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုဦးဤနည်းပညာတက္ကသိုလ်သို့လာရောက်ကြည့်ရှု့စစ်ဆေးသည့် ခရီးစဉ် (၁၅.၉.၂၀၁၅)

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ  ကိုကိုဦးဤနည်းပညာတက္ကသိုလ်သို့လာရောက်ကြည့်ရှု့စစ်ဆေးသည့် ခရီးစဉ် (၁၅.၉.၂၀၁၅)

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ​ဒေါက်တာကိုကိုဦးနှင့်အဖွဲ့သည် ဤနည်းပညာတက္ကသိုလ်သို့ ယနေ့မွန်းတည့် (၁၂:၀၀)နာရီတွင် ရောက်ရှိလာရာ နည်းပညာတက္ကသိုလ်(ဟင်္သာတ) မှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ နှင့် ဆရာ/ဆရာမ များမှ ခရီးဦးကြို နှုတ်ဆက်ကြပါသည်။ ယင်းနောက် ပြည်ထောင်စု၀န်ကြီးသည် ကျောင်းအုပ်ကြီးရုံးခန်းတွင် ခေတ္တအပန်းဖြေပါသည်။ ခေတ္တအပန်းဖြေနေစဉ်တွင် ပြည်ထောင်စု၀န်ကြီးမှ ဌာနမှူးများအား

(က)ဆရာ/မများ မိမိတို့၏ အရည်အသွေး မြင့်မားရေးအတွက် အစဉ်ကြိုးစား ဆောင်ရွက်ရန်

(ခ)သင်ကြားမှု နည်းစနစ်များကိုလည်း မှန်ကန်အောင်ဆောင်ရွက်ရန်နှင့် ခေတ်နှင့်အညီ သင်ထောက်ကူ ပစ္စည်းများ အသုံးပြု၍ သင်ကြားပေးရန်

(ဂ)ဌာနအလိုက် lab ခန်းများကို သုံးထပ်ကျောင်းဆောင်ပေါ်တွင် စနစ်တကျ ဖွဲ့စည်းထားရှိရန်နှင့်

(ဃ)ကျောင်းသားများအား လက်တွေ့များများ လုပ်ဆောင်ပေနိုင်ရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် ဤနည်းပညာတက္ကသိုလ်ရှိ Workshop နှင့် လက်တွေ့ခန်းများသို့ သွား​ရောက်ကြည့်ရှုစစ်ဆေးပြီးနောက် မွန်းလွဲ(၁:၁၅) နာရီ တွင်ဤနည်းပညာတက္ကသိုလ်မှ ပြန်လည်ထွက်ခွါသွားပါသည်။



Back